Tuesday, March 27, 2018

အလွမ်း..

.........
ပါးပြင်ကို လေပြေတစ်ခု လာထိတဲ့အခါ
တိုးညင်းညင်း သူ့အသံကို လွမ်းဆွတ်မိတယ်
သူ ရှူရှိုက်နေတဲ့ လေတွေမှာ
အောက်စီဂျင် အချိုးအဆ မှန်ကန်စွာ ပါရဲ့လားလို့လည်း တွေးမိတယ်
ကျွန်မဆိုတာ..
သူ့နဖူးစပ်က ချွေးတစ်စက်ကြောင့်
တောက်ပပ မျက်ဝန်းတစ်စုံစပ်ဖျဉ်းသွားမှာ စိုးစိတ်နဲ့
အဲဒီချွေးစက်လေးကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ဖူးသူ..
သူ့ကို အနမ်းတစ်ခုတလေ မပေးရတဲ့နေ့တွေ
သူ့ရယ်မောသံကို တစ်နေ့ သုံးကြိမ် မကြားရတဲ့နေ့တွေ
နွေးထွေးတဲ့ အသက်ရှူသံကို မကြားရတဲ့နေ့တွေမှာ
၂၄ နာရီဆိုတာကို မသိလိုက် မသိဘာသာ
အယောင်ယောင် အမှားမှား
မေ့မေ့ပျောက်ပျောက် ..
စတဲ့ စကားလုံးတွေနဲ့ပဲ ဖြတ်သန်းနေရသူ..။

လရိပ်ပြာ
3.3.18

No comments: