Saturday, May 13, 2017


သီချင်းများနဲ့ ချစ်သူ
……
အိမ်အပြင်မှာ စွတ်စိုမှိုင်းရီလို့ နံဘေးက ကော်ဖီတွေလည်း အေးပြီ

မင်းမရှိရင် ဘယ်လိုနေရမှာလဲ[1] ဆိုတဲ့တေးဟောင်းလေးကို ညည်းဆို

ခုဆို ငါ့ရင်မှာနေညိုညိုနဲ့ အလွမ်းတွေပြို

မင်းဟာ ခုထိ ငါ့ချစ်သူဖြစ်ဆဲပါ[2] ဆိုတာကိုလည်း ပြောပြဦးမယ်

ငါ ရှုံးနိမ့်ရူးသွပ်ချိန်တိုင်း မင်းရင်ခွင်နဲ့နွေးထွေးခဲ့တာချည်းပါပဲ

မင်းကြိုက်တဲ့ အိမ်[3] သီချင်းလေးကိုလည်း ငါလိုက်ကြိုက်ခဲ့မိတယ်

မင်းသီဆိုတဲ့တေးသံတိုင်းမှာ သက်ဝင်ရင်ခုန်ရင်း

ငါဟာ ဘယ်တော့မှ မေတ္တာကမ္ဘာတွေ မခြား[4]လိုခဲ့တာပါ ချစ်သူ

ဘာမှမပြောပါနဲ့

မင်း စကားတွေတစ်ခွန်းမှ မပြောတဲ့အခါ[5]

ငါ့ကိုမင်းချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပိုပြီးပေါ်လွင်တာမို့ပါ…



လရိပ်ပြာ
30th April 2017


------------------------------------------------------------------------------------
[1] How do I live, Trisia Yearwood
[2] You are still the one, Shania Twain
[3] အိမ်၊ အငဲ
[4] မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်၊ စန္ဒယားလှထွတ်
[5] When you say nothing at all, Alison Krauss

No comments: