Tuesday, March 27, 2018

ချစ်တယ်ဆိုတာ (Love is ...)


..............
ချစ်တယ်ဆိုတာ
နှလုံးသားရဲ့ ရွေးချယ်ခွင့် မရှိတဲ့ ဘာသာဗေဒ ဆိုရင် ...
ဦးနှောက်ကတော့ တအိအိ ရှိုက် ငို ရင် ငိုနေပေလိမ့်မယ်
တစ်ခါတစ်ရံလည်း အဲဒီဘာသာဗေဒကြားမှာ ပျော်ရွှင်ကောင်းလည်း ပျော်ရွှင်နေလိမ့်မယ်
ဘာကို ပိုမြတ်နိုးမှာလဲဆိုတာ ဘယ်သူက ထိန်းချုပ် ကန့်သတ်မှာလဲ
ဒါမှမဟုတ် အကန့်အသတ်မဲ့ ကြိုးပြတ်စွန်ကလေးလို လွှတ်ပေးမှာလား
တောင်စဉ်ရေမရ အတွေးများနဲ့ တစ်ရေးပေါင်းများစွာ နိုးနေဦးမှာလား
ညတာဟာ ဗဟိုချက်လောက်တော့ မရှည်ကြာတော့တာ အမှန်
နာကျင်မှုတွေ တွေဝေမှုတွေ နှမြောတသမှုတွေကတော့ မနီးမဝေးမှာ ရပ်ကျန်တယ်
အဲဒီ နာကျင်မှုတွေ တွေဝေမှုတွေ နှမြောတသမှုတွေနဲ့
မကြာခင် ဝေးကွာသွားတော့မယ် မျှော်လင့်ရင်း ရောင်နီမှာ တလှပ်လှပ် မောရတယ်။

လရိပ်ပြာ
၁၇-၉-၂၀၁၇

love is ...
Linguistics without the option of the heart?
If the brain is sobbing, it will be crying
Sometimes you will be happy and happy in the midst of that linguistics
Who will control and limit what will be cherished more?
Or will it be released like a kite with no bounds?
Are you still awake for many naps with endless thoughts?
It is true that the night is not as long as the midnight
The pain, hesitation, and regret are not far away
With those pains and tentativeness
I was panting at the blush, hoping it would go away soon.

Layeik Pyar
9-17-2017

No comments: