Saturday, October 20, 2018

တက်တူးများအကြောင်း - Wondering about Tattoo




(English version- Burmese will follow) 
*****
Ever since I was young, I wanted to get a tattoo that would stick on my skin
Red, green, gold, how to combine
Sometimes I have dreams
In my imagination, I've already got it on my forearm, I've already got it on my leg, and I'm even thinking of one on my shoulder.
In reality, it has not yet been implemented
These are small colored tattoos that can be seen by the normal eye
But on the other hand, I realized that two small colored tattoos, invisible to the normal eye, had taken place all over my body.
Whenever they see me, all my acquaintances see those little tattoos together
A tattoo is full of force and covers my whole body like a sky with a thin color
The other one is small but brightly colored and takes a place in my heart
I was always associated with those little tattoos
The beauty of those tattoos, Elegance, All bravery affects me either in part or in whole
Their success is me…..failure is me…..adoration is me…hatred is me
Their everything is me and my everything is theirs
Relatedly, they made me see that everyone has tattoos that are invisible to the naked eye, not just me
Do all people have self-imprinted tattoos?
Now... let's think about what your little tattoos will be, what color, what shape, how deeply drawn.... .... ....

အသားပေါ်မှာ စွဲမြဲနေမယ့် တက်တူးလေး တစ်ခုလောက် ထိုးချင်တာ ငယ်ငယ်ကတည်းကပါ
အနီရောင်လေးရယ် အစိမ်းရောင်လေးရယ် ရွှေရောင်လေးရယ် ဘယ်လိုပေါင်းစပ်ထိုးလိုက်မယ်ပေါ့
စိတ်ကူးတွေယဉ်ရတာလည်း ခဏခဏ
စိတ်ကူးထဲမှာတော့ လက်ဖျံပေါ်မှာလည်း ထိုးပြီးသွားပြီ ခြေသလုံးမှာလည်း ထိုးလိုက်ပြီ ပခုံးမှာလည်း တစ်ခု နားထင်မှာတောင် ပါသေး
တကယ့်တကယ်တော့ လက်တွေ့အကောင်အထည် မဖော်ဖြစ်သေးပါဘူး
အဲဒါကတော့ သာမန်မျက်စိနဲ့ တွေ့မြင်နိုင်တဲ့ ဆေးရောင်စုံတက်တူးလေးတွေပေါ့
ဒါပေမဲ့ တစ်ဖက်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဆေးရောင်စုံတက်တူးလေး နှစ်ခုက နေရာယူထားပြီဆိုတာ သိလိုက်ရတယ်
ကျွန်မကို မြင်တိုင်း အသိမိတ်ဆွေအားလုံးက အဲဒီတက်တူးလေးတွေကိုပါ တွဲမြင်တယ်
တက်တူးတစ်ခုက အင်အားအပြည့်နဲ့ မိုးကောင်းကင်တစ်ခုလို ကျွန်မတစ်ကိုယ်လုံးကို အရောင်ပါးပါးလေးနဲ့ လွှမ်းခြုံထားတယ်
နောက်တစ်ခုက အရွယ်သေးပေမယ့် ဆေးရောင်ပြင်းပြင်းနဲ့ ကျွန်မရဲ့ နှလုံးသားနေရာမှာ ထည်ထည်ဝါဝါ နေရာယူထားတယ်
ကျွန်မဟာ အဲဒီတက်တူးလေးတွေနဲ့ အမြဲတစေ တွဲဖက် ရှုမြင်ခံရတယ်
အဲဒီတက်တူးတွေရဲ့ လှပမှု၊ ကြော့ရှင်းမှု၊ ရဲရင့်မှု အားလုံးဟာ ကျွန်မအပေါ် တစ်စိတ်တစ်ဒေသဖြစ်ဖြစ် အလုံးစုံဖြစ်ဖြစ် သက်ရောက်တတ်တယ်
သူတို့ရဲ့ အောင်မြင်မှုဟာ ကျွန်မ ….. ရှုံးနိမ့်မှုဟာ ကျွန်မ ….. မြတ်နိုးမှုဟာ ကျွန်မ… မုန်းတီးမှုဟာ ကျွန်မပဲ
သူတို့ရဲ့ အရာရာတိုင်းဟာ ကျွန်မ ဖြစ်သလို ကျွန်မရဲ့ အရာရာတိုင်းဟာလည်း သူတို့သာ ဖြစ်တယ်
ဆက်စပ်ပြီးတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ တက်တူးတွေဟာ ကျွန်မတင်မက လူတိုင်းမှာ ရှိနေတာကိုလည်း သူတို့ကြောင့် တွေ့မြင်လာရတယ်
လူတွေအားလုံးမှာ အလိုအလျောက် ရိုက်နှိပ်ထားတဲ့ တက်တူးတွေ ကိုယ်စီနဲ့ပါလားပေါ့
ကဲ … ကိုယ့်ရဲ့တက်တူးလေးတွေက ဘာတွေဖြစ်မလဲ ဘာအရောင်လဲ ဘယ်လိုပုံသဏ္ဍာန်လဲ ဘယ်လောက်နက်ရှိုင်းစွာ ရေးဆွဲထားတာလဲ စဉ်းစားတွေးတောလိုက်ရအောင်  .... .... …။

No comments: