Thursday, October 30, 2008

ဂျစ်ပစီမိုးတိမ်

ငယ်ငယ်က ချာတိတ်အရွယ်ကျောင်းနေတုန်း
လူတကာလိုမဟုတ်ဘူးအရမ်းကိုဆိုး
လူလိမ္မာတော့မဖြစ်ချင်ခဲ့
ကဲ--အခုတော့ဘယ့်နဲ့လည်း

စာသင်ဖို့ဆိုတာစိတ်တွေပျက်
ဘီတယ်သီချင်း ကျက်နေခဲ့
ကမ္ဘာကျော် ကဗျာတွေဖတ်ပြီအချစ်ကိုတွေ
အသည်းကွဲတတ်ပြီလေ

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ကနေတဲ့ဇာတ်လမ်းမှားနေပြီ
လယ်လိုနေထိုင်ရမလည်း ဘ၀ဆိုတာ
အိုး ပြဇာတ်တစ်ပုဒ်ပါပဲ

ပီကာဆိုဘ၀ ငါလေရခဲ့ချင်ရဲ့
ဝါရင်ဘီတီ လိုလည်းဖြစ်ချင်ခဲ့
ဘီလီယံဒေါ်လာတွေထက်အဖိုးတန်းတဲ့
စိတ်ကူးတွေ ရှိနေ ခဲ့- - - - -

ဒါတွေဘယ်တော့ဖြစ်မလည်း ဟေ့အချစ်
နေရာ အခွင့်ရေးပဲပေးလိုက်စမ်း
ဘယ်လိုဖြစ်မလည်း ကြည့်နေ
အချိန်နဲ့ တိုင်းတာမယ် - - - -- -- - -- - -

ငါဟာမတည်ငြိမ်မိုးတိမ်ပဲ
ငါဟာဂျစ်ပစီပဲဟေ ခရီနှင်နေ
ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်ပါပဲ

ငါ့ကိုဘာထင်ထင်ဘာဖြစ်လည်း
အိုကွယ်အချစ်လေးရှိနေတယ်
ဘီလီယံဒေါ်လာတွေထက် အဖိုးတန်တဲ့
စိတ်ကူးတွေ ရှိနေတယ်

ဘယ်လိုထင်ထင်ဖြစ်တယ်လေ
ထာဝစဉ် မှန်ကန်တဲ့တရားမရှိနိုင်ပါ
တစ်ချပ်မှောက်တဲ့ ကစားပွဲများ
အဖြေဟာ ၀ိုင်းသိမ်းတော့မှသိမယ်လေ

ငါထာဝစဉ် မတည်ငြိမ် မိုးတိမ်လို
ဂျစ်ပစီလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့ တွေ အပြည့် နဲ့ လမ်းပေါ်မှာ
ငါလျောက်ခဲ့မိပြီလေ

ဘ၀က အပြောင်းကြီးပြောင်းလဲခဲ့
မရည်ရွယ်တာအကုန်လုံးဖြစ်လာတယ်
ကြိုတင်ကာဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပဲ

အရာရာဟာ အချစ်ရေ မတည်ငြိမ်ဘူး
ငါနေထိုင် လာတဲ့ နှစ်က သုံးဆယ်
မယုံနိုင်ဘူး ရုပ်ရှင် ကြည့်ရသလို
ဘ၀ ကဆန်းကြယ်တယ်- - - - - - - - -- ။

No comments: