စီစီရီရီ စကားလုံးတွေရော
မသေမသပ် ခံစားချက်တွေရော
စက္ကူပေါ်တင်မယ် ကြံတိုင်း
ကလောင်ဖျားမှာ အားလုံး ကြက်ပျောက် ငှက်ပျောက်။
လက်ဖျားတွေ တုန်ယင်နေတတ်တာရယ်
လည်ချောင်းမှာ ရှတ နာကျင်နေတာရယ်
မျက်လုံးတွေ နီစွေး ပူစပ်လာတာရယ်က လွဲလို့
“အမှတ်တရ ကဗျာ” ဆိုတာ ထွက်မလာသေးဘူး။
လွန်ခဲ့တဲ့ ငါးလကျော်ကတည်းက
ရင်ထဲမှာ ရေးနေတဲ့ အမှတ်တရ လို့ ခေါ်တဲ့ ကဗျာ
….
ခုထိ
ဒီတောင်ကို မကျော်နိုင်သေးဘူး ဆရာ ။
လာမယ့် စနေနေ့ဆိုရင်ပဲ
တစ်စုံတစ်ယောက် ပိုင်ဆိုင်တဲ့ ရွှေရတုကို
အဲဒီသူ မပါဘဲ ဖြတ်ကျော်ကြရတော့မယ်
ဝမ်းနည်းပါရစေ ဆရာ ……
ဝမ်းမြောက်မှုတွေချည်းပဲ ဆရာထားခဲ့ချင်တာ သိပေမဲ့လည်း
။ ။
လရိပ်ပြာ
၂၄-ဇွန်-၂ဝ၁၂ (တနင်္ဂနွေ)
No comments:
Post a Comment