Sunday, July 12, 2009

ပစ္စုပ္ပန်

ဟောဒီ ပန်းချီနုနုလေး ဆွဲခဲ့မိတယ်

မင်းတပ်ပေးတဲ့ ကြိုးလေးမှာ
ငါက အစီအစဉ်တကျ ပျော်ဝင်လို့...။
ပျော့ညံ့သွားတဲ့ စိတ်တွေကိုပဲ အပြစ်ပြောရတော့မှာပဲ။
တကယ်ဆို
မင်းက နည်းလမ်းတကျရှင်သန်ခဲ့သူ။

ငါ့စိတ်ကူးတွေထဲက အိပ်မက်ချိုကတော့
ဝေးမြေတစ်ခုခြားခဲ့ရပေါ့။
ဒါနဲ့တောင်
မိုက်မိုက်မဲမဲ ငါက
လမ်းလျှောက်သင်စ စကားလုံးတွေနဲ့
လိပ်ပြာသန့်စွာ ကျဆုံးချင်တုန်း။ ။

(ဇူလိုင် ၃၊၂ဝဝ၉)

1 comment:

thaingarra said...

ကဗျာလေး ကောင်းတယ်ဗျာ...။
ဘယ်သူရေးထားတယ် ဆိုတာလေး ပြောပြပါဦး အလွင်ရေ...။