Tuesday, April 28, 2015

ကျွန်မ နှင့် ကားမှတ်တိုင်များ ...



တက္ကသိုလ် စတက်တဲ့ ၂၀၀၀ ခုနှစ်မှာ ကားမှတ်တိုင်တွေ ဆိုတာကို ကျွန်မ ပိုပြီး မှတ်မှတ်ထင်ထင် စိတ်ဝင်စားလာ ဖြစ်ခဲ့ခြင်းပါ။ အရိပ်တွေ ဝေေ၀ဆာဆာနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျောင်းလမ်း အရှည်ကြီးကို မနက်တစ်ခါ ညနေတစ်ခါ လျှောက်ရင်း ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုဆိုနေတတ်တဲ့ ကားမှတ်တိုင် အဟောင်းလေး နှစ်ခုက အစပြုခဲ့တာ ဆိုလည်း မမှားပါ။ 

အဲဒီ ခုနှစ်တွေတုန်းက ခပ်မွဲမွဲ သွပ်မိုးလေးတွေပဲ ရှိပြီး ထိုင်ခုံမပါတဲ့ အညိုရောင် ကားမှတ်တိုင်ဟောင်းလေးတွေ ရှိနေသေးတဲ့ အချိန်။ လှည်းတန်းလို နေရာမျိုးမှာတောင် အမိုးအပြာရောင် တောက်တောက်နဲ့ လှလှပပ ပလပ်စတစ် ထိုင်ခုံတွေ ပါတဲ့ ခေတ်မီ ကားမှတ်တိုင် တွေ ရှိလာတာ မကြာသေး။ နောက်ပိုင်းကျ အဲဒီလို ကားမှတ်တိုင်တွေ နောက်ခံမှာ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေပါ ရောက်လာပြီး အနုပညာခင်းကျင်းမှု တစ်ခုလိုတောင် ဖြစ်နေတတ်တဲ့ ကားမှတ်တိုင် တွေလည်း ရှိလာတယ်။ 

လရောင် ကျဆုံးခန်း



လရောင်သံစဉ်ချိုချိုနဲ့ … သူ့ခြေရင်း ခစားနေတဲ့ အိပ်မက်တွေရယ်
လွလွလေး ရှတတ်တဲ့ ဓားသွားမြမြကို တမြတ်တနိုး သိမ်းဆည်း
သန်းခေါင်ထက်လည်း ညဥ့်မနက်တော့ပါဘူး။

အိပ်မက်များနောက် ပြေးလိုက်ကြည့်ခြင်း (Chasing After Dreams)

ကျမက အိပ်မက်အများကြီးမက်တတ်သူတော့ မဟုတ်ပေမဲ့ မက်ဖူးတဲ့ အိပ်မက်တချို့တလေကို အမှတ်ရနေ တတ်တာတော့ အမှန်ပါ။ တချို့ကပြောတယ် နေ့တိုင်းလိုလို အိပ်မက်မက်တယ်တဲ့၊ တစ်ခါမှကို အိပ်မက် မမက်ဖူးဘူး လို့ ဆိုတဲ့ သူတွေကိုလည်း တွေ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ အဲဒီ အိပ်မက် သို့မဟုတ် မမြင်နိုင်တဲ့ ကမ္ဘာ တစ်ခုဆီ ခဏလောက် တမင်အလည်သွားလိုက်ချင်ပါတယ်။
မက်နေကျ အိပ်မက်တွေကို ပြန်စဉ်းစားကြည့်ရင် တစ်ခါတလေ အိပ်မက်တွေက အရောင်တွေပါတယ်။ မှတ်မိ သလောက်တော့ မက်ဖူးတဲ့ အိပ်မက်တွေဆိုတာ ဝိုးတိုးဝါးတား အဖြူနဲ့ အမည်း ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ခုလိုပဲ။

Monday, June 25, 2012

ပိုင်ရှင်မပါတဲ့ရွှေရတု

ပိုင်ရှင်မပါတဲ့ ရွှေရတု

စီစီရီရီ စကားလုံးတွေရော
မသေမသပ် ခံစားချက်တွေရော
စက္ကူပေါ်တင်မယ် ကြံတိုင်း
ကလောင်ဖျားမှာ အားလုံး ကြက်ပျောက် ငှက်ပျောက်။

Friday, May 4, 2012

ဘဝ တောလား


လမ်းပျောက်တယ် … ဘဝမှာ
ဘဝမှာ … လမ်းတွေ ပျောက်တယ်
တစ်ခါက လမ်းပျောက်ခဲ့ဖူးတဲ့ အဖြစ်တွေ ဆိုတာမျိုး
လူ့ဘဝမှာ ဆန်းတော့ မဆန်းပါဘူး
အနည်းဆုံး တစ်ခါ မဟုတ်လည်း နှစ်ခါ သုံးခါတော့ လမ်းပျောက်ပေဦးမှာပ။
လမ်းပျောက်ရင်းပဲ

Sunday, April 8, 2012

အချစ်ရဲ့ ဖြစ်တည်ခြင်း

အချစ်
 
သို့တည်းမဟုတ်
ချစ်ခြင်းတရားတစ်ခု အကြောင်းပါ
ငါ ပိုင်ဆိုင်တဲ့ ချစ်ခြင်းတရားလို့ သတ်မှတ် လိုက်ပါစို့ရဲ့

Saturday, March 26, 2011

တစ်ခါတလေ သူဟာ တန်ဖိုး ထားချင် စရာ မကောင်းတဲ့ သစ်ပင် .. တဲ့


အဲဒီ သစ်ပင်ဟာ တစ်သက်လုံး သူ့ စိတ်ကြိုက်ပဲ ရှင်သန်ခဲ့တယ်

စံတို့ လုပ်ထုံး လုပ်နည်းတို့ ဓလေ့ထုံးတမ်းတို့ ဆိုတာ သူ အမုန်းဆုံး အချုပ်အနှောင်တွေ