Friday, July 23, 2010

တနယ်တကျေး

ကောင်းကင်ကို မော့ကြည့်တော့

ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ

ခြေခင်းလက်ခင်းမသာယာ

ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား

တွေးတယ်….

Thursday, May 27, 2010

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ (ဆရာတော် အရှင်ဆန္ဒာဓိက)

(စိတ်ဓာတ်အင်အားတွေ အလွန်အမင်း ကျဆင်းနေချိန်၊ တကယ်ကို ဘာလုပ်လုပ် ကံမကောင်းမှုတွေနဲ့ပဲ ကြုံနေရတဲ့ ကာလမှာ ဆရာတော်ရေးတဲ့ ဒီစာလေးကို ဖတ်လိုက်ရပါတယ်။ ဖတ်အပြီးမှာတော့ ရှေ့ဆက်ဖို့ အားအင်လို့ပဲ ပြောရမလား အလင်းရောင်လို့ပဲ ပြောရမလား မသိ၊ ရုတ်တရက် စိတ်ထဲမှာ ချမ်းသာ အေးမြသွားလို့ ကျမလို အားငယ် ဝမ်းနည်းနေသူ မိတ်ဆွေတွေအတွက် ဒီစာလေးကို တင်ပေးလိုက်တာပါ)

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

Wednesday, May 26, 2010

အေပရယ် တစ်နေ့အတွက် ကဗျာ

Friday, April 30, 2010 at 7:19pm
ဒီနေ့ တစ်နေ့လုံးလည်း စိတ်ကို အနားမပေးပါ။

အလုပ်များချင်ယောင်ဆောင်နေမိတဲ့ စိတ်ကလည်း ကျွန်မကို အောင်မြင်ခွင့် မပေး။

တစ်စုံတစ်ရာသော ခံစားချက်မှာ နက်နက်ရှိုင်းရှိုင်း တွယ်နေမိတဲ့ စိတ်..

အေပရယ်က ရက်ရက်စက်စက်ကို ပူပါတယ်

Tuesday, May 18, 2010

ဒလမြို့က ရေဒုက္ခ မြင်ကွင်းများနဲ့ မြန်မာတို့ရဲ့ ဆိုရှယ် ကက်ပီတယ်

သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီစာကို ရေးဖြစ်သွားတာပါ။ ကျမက ဒလသူစစ်စစ် ဆိုတော့ ဒလ အကြောင်း အသိဆုံး နေမှာပေါ့ဆိုပြီး သူငယ်ချင်းက သတင်းနှိုက်လို့ ချက်ချင်းပဲ ကောက်ရေးဖြစ်လိုက်တဲ့ စာတစ်ပုဒ်ပါ။
အရင်ကဆို ရန်ကုန်တစ်ဖက်ကမ်းက ဒလဆိုတာ မထင်မရှားမြို့လေးပါ။ အခု သေချာတာတစ်ခုက အရင်ကထက်တော့ နည်းနည်းလေး ပိုလူသိများသွားပြီ။ ပို နာမည်ကြီးစေတဲ့ တွန်းအားက ရေ ... ပေါ့။
တကယ်တမ်းတော့ ကျမတို့ မြို့မှာ ရေပြဿနာက အမြဲတက်နေကျပါ။ မြို့ခံတွေဟာ ရေနဲ့ ပက်သက်ရင် မိုးရာသီမှာ မိုးရေကို မှီခိုရတယ်။

Sunday, April 25, 2010

နင်နဲ့ငါ

ခဏလေးပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေလိုက်ဖို့အရေးတောင်
ငါတို့နှစ်ယောက်ကြား ဘာအတားအဆီးတွေ ရှိနေရပြန်သလဲ

တစ်ဖက်သတ်ရှိနေတဲ့ သစ္စာတွေနဲ့ ငါကတော့
အရူးတစ်ပိုင်းလား နှစ်ပိုင်းလားတောင် မသိတော့ဘူး

Saturday, April 10, 2010

အတင်း မက်ခဲ့တဲ့ အေပရယ် အိပ်မက်တစ်စုံ



အိပ်မက်လှလှလေးတစ်ခုရဖို့ နည်းအမျိုးမျိုး ကြိုးစားလိုက်ရတယ်

နောက်ဆုံးတော့ ကျွန်မရဲ့ အိပ်မက် အပိုင်းအစလေးတစ်ခုကို

သူ့ လက်ထဲအရောက် ပို့နိုင်ခဲ့တယ်

Sunday, April 4, 2010

အေပရယ် အိပ်မက် ၅ ရက်မြောက်တဲ့အခါ ..

အဲဒီနေ့ကို တစ်လောကလုံး ကောင်းချီးပြုကြပါ

ချီးမြှောက်မှု အသံတွေနဲ့ ကောင်းကင်တခွင်လုံး လင်းလက်သွားပါစေ

မေတ္တာဓာတ်တွေနဲ့ ခြယ်သထားတဲ့ အဲဒီ ၅ ရက်မြောက် အခါဟာ

ဒီကမ္ဘာ လောကတစ်ခုလုံးမှာ ပြက်ထင် တောက်ပမှု အရှိဆုံး ဖြစ်ပါစေ