Showing posts with label ကိုးကားစာစု. Show all posts
Showing posts with label ကိုးကားစာစု. Show all posts

Wednesday, May 15, 2024

ဝသုန္ဓရေ (Vasundri)

ဝသုန္ဓရေ (Vasundri) - 15x22" (Watercolor)

ဝသုန္ဓရေနတ်သမီး...
ဝသုန္ဓရေမြေစောင့်နတ် ဆိုသည်မှာ အကြမ်းသဘောဆိုရလျှင်ဖြင့် သင်သေဆုံးပြီးနောက် ယမမင်းထံရောက်သွားပါလိမ့်မည် ( ယမမင်း ဆိုသည်မှာ ဗုဒ္ဓဘာသာအဆိုအရ သေဆုံးပြီးလူတဦးတယောက်၏ ဝိဉာဏ်အား နတ်ပြည်၊ ငရဲပြည် စသည့် ၃၁ ဘုံ တခုခုသို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်ရသော ပုဂ္ဂိုလ် တဦး ) ။ ယမမင်းမှနေ၍ သင့်တွင် မည်သည့် ကုသိုလ်ကောင်းမှု့ လူ့ဘဝကလုပ်ခဲ့သနည်းဟု မေးချေလိမ့်မယ် ။ အကယ်၍ များ သင်သည် ပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကောင်းမှု့အား မေ့လျော့နေပါက သင့်အား ဝသုန္ဓရေ မြေစောင့်နတ်မှာ သင်မေ့လျော့နေသော ကုသိုလ်ကောင်းမှု့များကို လာရောက်သတိပေးခြင်းဖြင့် ယမမင်း၏ မေးခွန်းများကို ဖြေဆိုနိုင်ပါက မြင့်မြတ်သောဘုံကို ပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ် ။

Thursday, May 27, 2010

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ (ဆရာတော် အရှင်ဆန္ဒာဓိက)

(စိတ်ဓာတ်အင်အားတွေ အလွန်အမင်း ကျဆင်းနေချိန်၊ တကယ်ကို ဘာလုပ်လုပ် ကံမကောင်းမှုတွေနဲ့ပဲ ကြုံနေရတဲ့ ကာလမှာ ဆရာတော်ရေးတဲ့ ဒီစာလေးကို ဖတ်လိုက်ရပါတယ်။ ဖတ်အပြီးမှာတော့ ရှေ့ဆက်ဖို့ အားအင်လို့ပဲ ပြောရမလား အလင်းရောင်လို့ပဲ ပြောရမလား မသိ၊ ရုတ်တရက် စိတ်ထဲမှာ ချမ်းသာ အေးမြသွားလို့ ကျမလို အားငယ် ဝမ်းနည်းနေသူ မိတ်ဆွေတွေအတွက် ဒီစာလေးကို တင်ပေးလိုက်တာပါ)

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။