Friday, June 19, 2009

ကိုလေပေါနှင့် တစ်နေ့လယ်ခင်း

တစ်နေ့လယ်ခင်းတွင် ကျွန်မ၏ဆရာလည်းဖြစ်၊ ဘော်ဒါလိုလည်းခင်ရသောသူက ဇွတ်အတင်းခေါ်၍ ကိုလေပေါရှိရာ လက်ဖက်ရည်ဆိုင်သို့ ကျွန်မ မရောက်ချင်ရောက်ချင် ရောက်ခဲ့သည်။ 
ကျွန်မတို့ထက် အရင် ကြိုရောက်နေသောကိုလေပေါက ပေါ့ပေါ့ပါးပါးနွေရာသီဝတ်စုံဖြင့် အေးအေးလူလူစာထိုင်ဖတ်ကာ လေပေါဖို့အတွက် အားမွေးနေပုံရသည်။ 

Thursday, March 19, 2009

Mandalay Memory

ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ ဓာတ်ပုံတွေပြန်ကြည့်တော့ မန္တလေးရောက် တုံးကပုံတွေတွေ့မိတာ မန္တလေးကို ပြန်သတိရသွားတယ်။ ကျွန်မက နာဂစ်ကို ကြံကြံဖန်ဖန်လွဲချင်တော့ နာဂစ်ကာလမှာ မန္တလေးလို အပူပိုင်းဇုံမှာ အပူတွေကန် မိတ်တွေပေါက်ရင်း လျှောက်သွားနေရတဲ့ အဖြစ်ပေါ့ . . . . . . :D

Saturday, March 7, 2009

ရင်ထဲကသစ်ပင်

ခက်နေပြန်ပါပြီ
ထပ်နေတဲ့ခေါင်းစဉ်တွေအစီအရီနဲ့
နှစ်က ဖျတ်ခနဲသစ်သွားပြီ
အသစ်လွင်ဆုံးမိနစ်တစ်ခုမှာ
ကြယ်ကြွေသယောင်နဲ့ ဆုတစ်ခုတောင်းလိုက်မိတယ်။

Tuesday, March 3, 2009

ဒလ …. Or my native Town Dalla

ကျွန်မရဲ့မွေးရပ်မြေအကြောင်းအနည်းအကျဉ်း ရေးပြလိုက်တာပါ။ ဓာတ်ပုံတွေအစုံအလင်နဲ့ ပို့စ်ကိုတော့ blogspot မှာ မတင်တတ်သေးတာကြောင့် နောက်တစ်နေ့နေ့ကျမှ ပြန်တင်ပါ့မယ်။ လောလောဆယ်တော့ စာချည်းသက်သက်ဖတ်ပြီး မြို့ငယ်လေးကို မြင်ယောင်ပေးကြပါပေါ့…ဓာတ်ပုံတွေက အဆင်မပြေသေးတာကြောင့်ပါ

ဒလမြို့ဆိုတာ ကျွန်မရဲ့မွေးဖွား ကြီးပြင်းနေထိုင်ရာ မြေဖြစ်ပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိပြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က ့မြို့ပါ။

Sunday, February 22, 2009

ဘုန်းနေသွန်း ရေးတဲ့...

ကျွန်မရင်ထဲရောက်လာတဲ့ ကဗျာဆရာကိုဘုန်းရဲ့ ကဗျာလေး

Remembrance

ပျံသန်းသွားတဲ့ ငှက်ကလေး
တစ်ကောင်
နှစ်ကောင်
မျက်ဝန်းတွေကို မှိတ်ထားမိတယ်
နေဟာဝင်လုပေါ့ ။
.
.

Monday, February 16, 2009

ကျွန်မနှင့်ကားမှတ်တိုင်များ….

တက္ကသိုလ်စတက်တဲ့ ၂၀၀၀ ခုနှစ်မှာ ကားမှတ်တိုင်တွေဆိုတာကို ကျွန်မမှတ်မှတ်ထင်ထင်စိတ်ဝင်စားလာဖြစ်ခဲ့ခြင်းပါ။ အရိပ်တွေဝေေ၀ဆာဆာနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ကျောင်းလမ်းအရှည်ကြီးကို မနက်တစ်ခါညနေတစ်ခါလျှောက်ရင်း