လမ်းကတော့ အဲဒီ လမ်းပါပဲ
ဒါပေမဲ့ ခပ်မဆိတ် ငြိမ်သက် နေတဲ့ ရာသီ ...
နွေဦး ညနေခင်းဟာ ဒီလောက် ပူပြင်း ရသလား ကွယ်
မနီး မဝေး ရထား ဥဩသံ ကြားမှာ
တီးတိုး စကား သံတွေ ကို တစ်လုံးစ နှစ်လုံးစ ရေတွက်ရင်း
အဲဒီ မညီ မညာ လမ်း ကလေးကို မဖြစ် မနေ ဖြတ် ကျော် လိုက် ရတယ်
အနားမှာ တစ်ခါ တလေ တိုးဝှေ့ တတ်တဲ့
အေးစက် စက် လေပြေ က လွဲလို့ ဘာမှ ရှိ မနေ ဘူး
အားလုံးဟာ ဟင်းလင်း ပြင် ..
အလင်းပွင့် တစ်စ နှစ်စနဲ့ တံလျှပ်ရောင် ပြန့်ပြန့် ပြူးပြူး ည ...
အဲဒီ ဝတ်ရုံ ထဲမှာ မပိတ် မိ ပါရ စေနဲ့
အလန့် တကြား တီးတိုး ဆိုမြည် လိုက်တဲ့ သံစဉ် တစ်ခုနဲ့
ကောင်းကင်က ဖျတ်ခနဲ့ ပစ်ချ လိုက်တဲ့ ဂီတ သံ ရယ်
ရှေ့က လမ်းလေး ပေါ်မှာ
သာ သာ ဖြူး ဖြူး ကခုန် မြူးထူး
ဘာတဲ့ .. အဲဒီ အလင်း ပွင့်ကို ယုံ ကြည် နေပြန် သတဲ့လား
အလင်း ပွင့် ဆိုတာ ကလည်း အလင်း နှစ် များစွာ ဝေးတတ်တဲ့ အမျိုး ...။ ။
-လရိပ်ပြာ-
25 Feb 2011 (Fri)
No comments:
Post a Comment