Sunday, February 28, 2010

နွားခြေရာခွက်ထဲကည

ငါက
လမင်းကြီးပဲမြင်လို့…
မရိပ်မသိမ်းနိုင်အသက်ရှုသံတွေနဲ့
ညအသေတွေထဲမျောပါ
သက်ပြင်းလည်းချရပြန်ပြီ။

Saturday, February 27, 2010

စိတ်သောကများနဲ့ တစ်စုံတစ်ရာသော ထွက်ပေါက်များ

လူတွေ ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ပူလောင် ရှတစရာ ပြင်းပြတဲ့ ခံစားချက်တွေက အများသားပါ။ ဥပမာ - ရုံးသူ ရုံးသားတွေက တစ်နေ့ တစ်နေ့ ရုံးကို အချိန်မီမရောက်မှာ ပူရ၊ ကျောင်းသား ကျောင်းသူတွေက အိမ်စာ မလုပ်လို့ ဆရာ ဆူမှာ တွေးပြီး ပူရ၊ ကိုယ်ပိုင်ကား မစီးနိုင်တဲ့ သူတွေက ဘတ်စ်ကား မမီမှာ စိုးလို့ ပူရ၊ မီရင်တောင် ထိုင်စရာ ထိုင်ခုံလေးမှ ရပါ့မလားလို့ တွေးပူရ၊ ကိုယ်ပိုင်ကား စီးနိုင်သူတွေကျတော့လည်း ကားပါကင်ရပါ့မလား၊ ရရင်တောင် နေရာကောင်းလေး ဟုတ်ပါ့မလားလို့ ပူပင်ရ ဆိုတဲ့ ကိစ္စတွေက စလို့ ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ် သိပ်ချစ်တဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပူလောင်ရ၊ ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံရတော့မယ်ဆိုတာ အသေအချာ သိထားရလို့ ပူလောင်ရ၊ အဲဒီလို ပူပင်သောကတွေနဲ့ တစ်နေ့ တစ်နေ့ လုံးပမ်း နေထိုင်နေရတာ။

Thursday, February 18, 2010

ငါ့ရဲ့ ချစ်လှစွာသော နီယွန်မီးလေးရေ…

18th February 2010
ငါ့ရဲ့ ချစ်လှစွာသော နီယွန်မီးလေးရေ…

မနက်ဖြန်ကို မျှော်နေမိပြန်ပြီကွယ်

ငါ အသင့်ပြင်ထားပါတယ်

ပျော်ရွှင်လိုက်ဖို့ .. ဝမ်းနည်းလိုက်ဖို့ .. မျှော်လင့်စောင့်စားလိုက်ဖို့ စတာတွေ ..။

Sunday, February 14, 2010

ညနေတစ်ခုထဲက ပျော်စရာ ၅ မိနစ်တာ ....

တနင်္လာကို ဘောင်ခတ်ထားတဲ့ ညနေလေးပါ

တကယ်ကို မျှော်လင့်မထားတဲ့ ရင်ခုန်စရာ ကစားပွဲလေးထဲ

ကြည်ကြည်နူးနူး ပိတ်မိခံလိုက်တဲ့ အချိန် ခဏတာ ။

Saturday, January 30, 2010

ငါဟာ လူကောင်းမဟုတ်ဘူး

ငါဟာ လူကောင်းမဟုတ်ဘူး

အညတရဆန်ဆန်ပဲ တစ်လျှောက်လုံးနေထိုင်လာခဲ့တယ်

ပြုံးတဲ့သူတွေကိုလည်း ပြန်ပြုံးပြခဲ့တယ်

Saturday, January 23, 2010

စပ်ကူး မပ်ကူး အမှတ်တရ အကြောင်း

တေးသွားက ချိုချို .. ရင်ခုန်သံ ပါးလျလျနဲ့

ဗိုလ်ခြေနှစ်ထောင် မလိုတဲ့ ည အကြောင်းပါ

ချီးယားစ်ပေါင်း များစွာ မရေတွက်နိုင်တော့ပဲ လရောင် ကဗျာချိုချိုကို ခံစားရင်း

Thursday, January 14, 2010

နောက်ဆုံးတစ်နေ့တာ

မျက်ရည်တွေ ထွက်မလာတော့ဘူး

နှာသီးဝက လေဝင်လေထွက်က ဖမ်းရခက် နေလိုက်ပုံများ

တိမ်တိုက်ထဲက ပါးလျလျ အလွမ်းတွေနဲ့ တစ်နေ့ခင်းလုံး နေမထိထိုင်မသာ