တေးသွားက ချိုချို .. ရင်ခုန်သံ ပါးလျလျနဲ့
ဗိုလ်ခြေနှစ်ထောင် မလိုတဲ့ ည အကြောင်းပါ
ချီးယားစ်ပေါင်း များစွာ မရေတွက်နိုင်တော့ပဲ လရောင် ကဗျာချိုချိုကို ခံစားရင်း
တစ်ယောက် အကြည့်ထဲ တစ်ယောက်တိုးဝင်
ဘယ်သူမှ သက်သေမပြရပဲ အဲဒီရင်ခွင်ပဲ အလုံခြုံဆုံး ဖြစ်သွားခဲ့
မျက်စိမှိတ် လက်ခံလိုက်တဲ့ သေချာမှုတွေနဲ့
တိမ်တွေကြား အတူလမ်းတွေ လျှောက်
ဒီချိန် ခါမျိုးဆိုတာ ဒီလောက် တိုတောင်း သွားတတ်သလားပေါ့။
1 comment:
ဒီလို စကားလုံးမျိုးတွေ ဘယ်လိုလုပ် ရှာလိုက်တာလဲဗျာ။
Post a Comment