ကောင်းကင်ကို မော့ကြည့်တော့
ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ
ခြေခင်းလက်ခင်းမသာယာ
ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား
တွေးတယ်….
ရေတံခွန်ကို ဘယ်လိုမီးညှိရမလဲ
ပြတင်းပေါက်က ဖျတ်ကနဲအရိပ်ကလေးရယ်
စီးကရက်တွေသာ တစ်လိပ်ပြီးတစ်လိပ်
မီးခိုးငွေ့တွေသာ စိတ်နာလက်နာ
ညစဉ်ညတိုင်း ၊ တစ်ကိုယ်တည်း
အိပ်မက်တွေက အိပ်မက်ထဲထိ မက်နေဆဲ
စိတ်ဖြေစရာ၊ ဂီတမရှိ
ရယ်သံမောသံ၊ အနုပညာ၊ မိုးတိမ်များလည်းမရှိ
ကိုယ့်ရင်ဘတ်ကိုယ် ရိတ်သိမ်းမယ့်မိုးနှယ်
ငါ့စိတ်ကိုခိုးယူသွားရာ
မြို့ ပြများလည်း အဆန်းတကြယ်
ငါယဉ်ကျေးခဲ့ရာ လရောင်ပြာလည်း
ငါ့ဆီ ဖြတ်ပိုင်းပြန်မလာတော့
တကယ်ဆို….
ငါတို့နှစ်ယောက်ဟာ နှလုံးသားချင်းဆက်အမြွှာ
သံသရာမှာ သေရာပါခဲ့ပုံ။ ။
ဘုန်းနေသွန်း
၂၀၀၄
(တနယ်တကျေး ရောက်နေတဲ့ ကဗျာဆရာ အမှတ်တရ)
2 comments:
ကြယ်တွေ တစ်ညလုံးငို
ကြယ်တွေကြွေ
ရေတစ်ခွန်လည်းပူလောင်
စသဖြင့် နားလည်သလို ခံစားသွားတယ်။ ကဗျာလေးက တကယ် အသက်ဝင်ပါတယ်။ စကားလုံး ရွှေးချယ်မှု ကောင်းတယ်။ ဘုန်းနေသွန်းတဲ့။ ကောင်းပါတယ်
ကဗျာဆရာ ဘုန်းနေသွန်းရေးထားတာပါ။ သူတနယ်တကျေး ရောက်နေတဲ့ အချိန် အမှတ်တရ တင်လိုက်တာ။
Post a Comment