ဝသုန္ဓရေ (Vasundri) - 15x22" (Watercolor)
ဝသုန္ဓရေနတ်သမီး...
ဝသုန္ဓရေမြေစောင့်နတ်
ဆိုသည်မှာ အကြမ်းသဘောဆိုရလျှင်ဖြင့် သင်သေဆုံးပြီးနောက်
ယမမင်းထံရောက်သွားပါလိမ့်မည် ( ယမမင်း ဆိုသည်မှာ ဗုဒ္ဓဘာသာအဆိုအရ
သေဆုံးပြီးလူတဦးတယောက်၏ ဝိဉာဏ်အား နတ်ပြည်၊ ငရဲပြည် စသည့် ၃၁ ဘုံ တခုခုသို့
ပို့ဆောင်ပေးရန် ဆုံးဖြတ်ရသော
ပုဂ္ဂိုလ် တဦး ) ။ ယမမင်းမှနေ၍ သင့်တွင် မည်သည့် ကုသိုလ်ကောင်းမှု့
လူ့ဘဝကလုပ်ခဲ့သနည်းဟု မေးချေလိမ့်မယ် ။ အကယ်၍ များ သင်သည် ပြုလုပ်ခဲ့ဘူးသော
ကုသိုလ်ကောင်းမှု့အား မေ့လျော့နေပါက သင့်အား ဝသုန္ဓရေ မြေစောင့်နတ်မှာ
သင်မေ့လျော့နေသော ကုသိုလ်ကောင်းမှု့များကို လာရောက်သတိပေးခြင်းဖြင့်
ယမမင်း၏ မေးခွန်းများကို ဖြေဆိုနိုင်ပါက မြင့်မြတ်သောဘုံကို
ပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ် ။