Sunday, April 25, 2010

နင်နဲ့ငါ

ခဏလေးပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေလိုက်ဖို့အရေးတောင်
ငါတို့နှစ်ယောက်ကြား ဘာအတားအဆီးတွေ ရှိနေရပြန်သလဲ

တစ်ဖက်သတ်ရှိနေတဲ့ သစ္စာတွေနဲ့ ငါကတော့
အရူးတစ်ပိုင်းလား နှစ်ပိုင်းလားတောင် မသိတော့ဘူး

Saturday, April 10, 2010

အတင်း မက်ခဲ့တဲ့ အေပရယ် အိပ်မက်တစ်စုံ



အိပ်မက်လှလှလေးတစ်ခုရဖို့ နည်းအမျိုးမျိုး ကြိုးစားလိုက်ရတယ်

နောက်ဆုံးတော့ ကျွန်မရဲ့ အိပ်မက် အပိုင်းအစလေးတစ်ခုကို

သူ့ လက်ထဲအရောက် ပို့နိုင်ခဲ့တယ်

Sunday, April 4, 2010

အေပရယ် အိပ်မက် ၅ ရက်မြောက်တဲ့အခါ ..

အဲဒီနေ့ကို တစ်လောကလုံး ကောင်းချီးပြုကြပါ

ချီးမြှောက်မှု အသံတွေနဲ့ ကောင်းကင်တခွင်လုံး လင်းလက်သွားပါစေ

မေတ္တာဓာတ်တွေနဲ့ ခြယ်သထားတဲ့ အဲဒီ ၅ ရက်မြောက် အခါဟာ

ဒီကမ္ဘာ လောကတစ်ခုလုံးမှာ ပြက်ထင် တောက်ပမှု အရှိဆုံး ဖြစ်ပါစေ

Thursday, March 11, 2010

ဆန်းပြား ခေတ်မီ .. အပန်းပြေမှုတွေနဲ့ နေပြည်တော် ရေပန်းဥယျာဉ်


နေပြည်တော်ကို အလည်ရောက်ခဲ့တဲ့ အားလပ်ရက် စနေ တနင်္ဂနွေ ခရီးမှာ ရောက်ရောက်ချင်းနေ့ စနေ့ နေ့မနက်မှာ ၂၀၀၈ နိုဝင်ဘာ ၁၉ က တစ်ခေါက် ရောက်ခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်ကို ဒုတိယအကြိမ် အဖြစ် သွားလည်ခဲ့ပါတယ်။ တိရစ္ဆာန် ဥယျာဉ်အကြောင်းကတော့ ကျွန်မရဲ့ အရင်ပို့စ်တစ်ခု ဖြစ်တဲ့ နေပြည်တော် တစ်ရက်တာခရီး မှာ တော်တော်လေး ရေးပြီးပြီမို့ ဒီတစ်ခါ ထပ်ရေးချင်တာက ပြန်ကာနီး အပန်းဖြေရောက်ရှိခဲ့တဲ့ ရေပန်းဥယျာဉ်အကြောင်းပါ။

Wednesday, March 10, 2010

ချစ်သူရဲ့ ကိုယ်သင်းရနံ့နဲ့ ဖြာဆင်းနေတဲ့ ည ..

မြူပါးပါး ဖုန်ပါးပါး မျှော်လင့်ခြင်းများများ ..

အဲဒီညကိုက အလိုလို မျှော်လင့်ချင်စရာ ကောင်းနေတာ

အခန်းပြင်မှာ လက်ဖြာနေတဲ့ နီယွန် ရောင်စဉ်တွေထဲ

ချစ်သူရဲ့ ရနံ့က ပါးလျ ည့ံသက်စွာ ကပ်ညိလို့

တစ်နေ့လုံး မက်ခဲ့ရတဲ့ အိပ်မက်ထဲ တွယ်ငြိ ပျော်ဝင်

လှလိုက်တဲ့ နေရောင်ဖြာ နေ့ခင်းလေးရယ်..

Sunday, February 28, 2010

နွားခြေရာခွက်ထဲကည

ငါက
လမင်းကြီးပဲမြင်လို့…
မရိပ်မသိမ်းနိုင်အသက်ရှုသံတွေနဲ့
ညအသေတွေထဲမျောပါ
သက်ပြင်းလည်းချရပြန်ပြီ။

Saturday, February 27, 2010

စိတ်သောကများနဲ့ တစ်စုံတစ်ရာသော ထွက်ပေါက်များ

လူတွေ ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ပူလောင် ရှတစရာ ပြင်းပြတဲ့ ခံစားချက်တွေက အများသားပါ။ ဥပမာ - ရုံးသူ ရုံးသားတွေက တစ်နေ့ တစ်နေ့ ရုံးကို အချိန်မီမရောက်မှာ ပူရ၊ ကျောင်းသား ကျောင်းသူတွေက အိမ်စာ မလုပ်လို့ ဆရာ ဆူမှာ တွေးပြီး ပူရ၊ ကိုယ်ပိုင်ကား မစီးနိုင်တဲ့ သူတွေက ဘတ်စ်ကား မမီမှာ စိုးလို့ ပူရ၊ မီရင်တောင် ထိုင်စရာ ထိုင်ခုံလေးမှ ရပါ့မလားလို့ တွေးပူရ၊ ကိုယ်ပိုင်ကား စီးနိုင်သူတွေကျတော့လည်း ကားပါကင်ရပါ့မလား၊ ရရင်တောင် နေရာကောင်းလေး ဟုတ်ပါ့မလားလို့ ပူပင်ရ ဆိုတဲ့ ကိစ္စတွေက စလို့ ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ် သိပ်ချစ်တဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပူလောင်ရ၊ ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံရတော့မယ်ဆိုတာ အသေအချာ သိထားရလို့ ပူလောင်ရ၊ အဲဒီလို ပူပင်သောကတွေနဲ့ တစ်နေ့ တစ်နေ့ လုံးပမ်း နေထိုင်နေရတာ။